> For the complete documentation index, see [llms.txt](https://blog.awsugmm.org/aws-user-group-myanmar/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://blog.awsugmm.org/aws-user-group-myanmar/storage/cloud-object-storage-aka-amazon-simple-storage-service-s3.md).

# Cloud Object Storage (aka) Amazon Simple storage service (S3)

မနက်မိုးလင်းတော့ Cloud Front က Object Cache လေးကို invalidate လုပ်နေတုန်း စဉ်းစားကြည့်တော့ Object Storage အကြောင်းလေးတွေးမိရာကနေ AWS S3 အကြောင်းရေးမယ်ပေါ့ ပီတော့ ကိုယ့်လူ ဝေယံမင်း ကလည်း ကိုဖြိုး S3 အကြောင်းလေးရေးရအောင် စာမေးပွဲအတွက်လည်း ပြင်ဆင်နေတုန်းလေးဆိုတော့ရေးမယ်ပေါ့ ဘာညာနဲ့ ဒီ article လေးကိုရေးမိသွားတယ်။&#x20;

AWS S3 ကို မပြောခင် Storage Type ဘယ်နှစ်မျိုးရှိလဲ တစ်ချက်လောက်လေ့လာကြည့်ကြည့် ရအောင်...\
Storage Type ဘယ်နှစ်မျိုးရှိသလဲ ဆို တော့ \
\
**1. File Storage** \
**2. Block Storage** \
**3. Object Storage** \
\
ဆိုပြီးတော့ ရှိကြပါတယ်။ အသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်။ <br>

## File Storage&#x20;

![File Storage \[Image Credit : redhat.com\]](/files/-LyDGixt0LQrt80t0jgT)

File Storage လို ပြောလိုက်တာနဲ့ ကျွန်တော်တို.တော်တော်များများ ရင်းနှီးပီးသားဖြစ်ပါလိမ့်မယ်။ Files တွေ Folders တွေကို Network ကနေတဆင့် Share ပြီးသုံးကြတာပါ။ Data တွေက File Server ရဲ့ folder တစ်ခုမှာ စုဝေးထားပြီးတော့ တခြားသော ကွန်ပြူတာကနေ တဆင့် Data တွေကို သိမ်းဆည်းထားပါတယ်။&#x20;

## Block Storage&#x20;

![Block Storage \[Image Credit : redhat.com\] ](/files/-LyDGtFPjBdodnElBt0O)
