Elastic Compute Cloud (or) EC2 - Episode (1)

Elastic Compute Cloud Introduction

ဒီနေ့မှာတော့ AWS မှာရှိတဲ့ Service တွေထဲကမှ တစ်ခုအပါအဝင်ဖြစ်ပြီး လူသုံးအများဆုံး Core Service တစ်ခုလည်းဖြစ်တဲ့ EC2 (Elastic Compute Cloud) Instance အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ကာ ကျွန်တော်တို့ကြားဖူးနေတဲ့ AWS က EC2 Instance ဆိုတာဘယ်လို Service လဲဆိုရင်တော့ဖြင့် အနီးစပ်ဆုံးပြောရင် Virtual Private Server ( VPS ) တွေလိုပါပဲ။ EC2 ကအဓိကအားဖြင့် Cloud Compute ပိုင်းကိုလုပ်ဆောင်ပါတယ်။ Compute ဆိုတဲ့ထဲမှာအများကြီးပါဝင်ပါတယ်။ လွယ်လွယ်ပြောရရင် ကျွန်တော်တို့သုံးချင်တဲ့ Web Server, Application Server, Database Server စတာတွေအတွက် Cloud ပေါ်မှာတင်ပြီးအသုံးပြုလို့ရနိုင်အောင်လုပ်ပေးတယ်ပေါ့ဗျာ။ EC2 Instance တွေဟာ သေချာမွန်းမံထားတဲ့ Xen Virtualization ပေါ်မှာအခြေခံထားတာဖြစ်ပြီး 2017 နောက်ပိုင်း Instance Class တစ်ချို့ကိုတော့ KVM Based Virtualization ( Nitro ) ပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ EC2 ( Elastic Compute Cloud ) ပေါ်မှာ Linux Distro တော်တော်များများ၊ BSD ၊ Windows Operating System စတာတွေ Run လို့ရပါတယ်။On-Premise မှာ ကိုယ်တိုင် OS Install/Setup လုပ်ရမဲ့ အချိန်တွေကို Cloud ပေါ်မှာဆိုရင်တော့ မိနစ်ပိုင်းအတွင်းပြီးမှာဖြစ်တဲ့ အတွက်အချိန်ကုန်သက်သာစေပြီး Future Plan အတွက် Scaling ( Horizontal/Vertical ) ပြုလုပ်ရာမှာလည်းအလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Amazon EC2 ( Elastic Compute Cloud ) တွင် Virtual Server အပြင် ၎င်းမှ Supporting ပေးထားသော Features များကိုမိတ်ဆက်ပေးပါရစေ။

Basics

  • Instances and AMIs

  • Regions and Availability Zones

  • Instance Types

  • Tags

Networking and Security

  • Amazon EC2 Key Pairs

  • Security Groups

  • Elastic IP Addresses

  • Amazon EC2 and Amazon VPC

Storage

  • Amazon EBS

  • Instance Store

Guide

  • အရင်ဆုံး Naming အနေနဲ့ AWS မှာ EC2 ကို Instance လို့လည်းခေါ်ကြပါတယ်။

  • Resources များအတွက် Multiple Physical Locations ခေါ် Regions, Availability Zones ( AZs )

  • CPU, Memory, Storage, Networking Capacity ဘယ်လောက်သုံးမယ်ကိုရွေးချယ်နိုင်မယ့် Instance Types

  • Instance အတွင်း Additional Software များကိုအချိန်တိုအတွင်းရွေးချယ်ပြီး Install/Setup လုပ်နိုင်သော Pre-configure Template ခေါ် AMIs ( Amazon Machine Images )

  • Instance များကို လုံခြုစွာ Remote Login ပြုလုပ်နိုင်ရန်အတွက် Key Pair ( Public/Private Key )

  • Instance ကို Stop or Terminate လုပ်ရင်ပျက်သွားမဲ့ Temporary Storage Volume အတွက် Instance Store Volumes

  • Persistent/Permanent Storage Data Volume အတွက် Amazon Elastic Block Storages ( Amazon EBS Volumes )

  • Instances များအတွက် Security Groups ခေါ် Firewall ( Specify the protocols, ports, and source IP range )

  • Elastic IP Addresses ခေါ် Instance များအတွက် Static Public IPv4 Addresses

  • EC2 Instances များအတွက်လိုအပ်သော Virtual Network များကို AWS Cloud အတွင်း Logically Isolated ဖြစ်ရန်အတွက်သတ်မှတ်နိုင်သော Amazon Virtual Private Clouds ( Amazon VPCs)

  • AWS အတွင်းရှိ Instances, Amazon Machine Images ( AMI ) နှင့် အခြားသော Resources များကို Manage လုပ်ရလွယ်ကူစေရန်အတွက် Tags

Photo Reference: Linux Academy

သည်လောက်ဆိုရင်တော့ Amazon EC2 ရဲ့ အခြေခံ Concepts နဲ့ သူရဲ့နာမည်အခေါ်အဝေါ်လေးတွေကို အကြမ်းဖျင်းသဘောပေါက်လိမ့်မယ်ထင်ပါတယ်။ Episode (1) ပဲရှိသေးတဲ့အတွက်နောက်ထပ် Episodes တွေမှာ Feature တစ်ခုချင်းစီရဲ့ Use Case နဲ့ Details လေးတွေရေးသားသွားဦးမှာမို့ ဆက်လက်အားပေးကြပါဦး ခင်ဗျာ။

လေးစားလျက်

AWS User Group Myanmar