AWS User Group Myanmar
  • AWS User Group Myanmar
  • AWS User Group Myanmar Events History
  • AWS User Group Myanmar Upcoming Events
  • Call for Meetup Speakers
  • FAQ
  • Fundamental
    • AWS Global Infrastructure
    • A brief History of AWS
    • Cloud Computing 101
  • Compute
    • Elastic Compute Cloud (or) EC2 - Episode (1)
    • Reduce cloud compute cost with EC2 Spot Instance
    • Deploying Wordpress Website with Amazon Lightsail
    • Feel the power of Auto Scaling and Spot Instances with auto assign EIP
  • Tutorials
    • Gain free, hands-on experience with the AWS platform, products, and services
    • Using AWS Systems Manager to login EC2 instance without SSH
    • Managing private EC2 instance with Bastion Host
    • How to complete setup Kubernetes Cluster on AWS using Kops
    • Amazon EKS Cluster Provisioning
    • Infrastructure as Code with AWS CodePipeline
    • Using AWS Lambda to monitor websites
  • Internet of Things
    • IoT Rules Engine
  • Storage
    • S3 Encryption အကြောင်း တစေ့တစောင်း
    • Cloud Object Storage (aka) Amazon Simple storage service (S3)
  • Cost and Billing
    • Cost Optimization on AWS Cloud - Part 1
    • Cost Optimization on AWS Cloud - Part 2
    • Optimizing cost with AWS Graviton-based services
  • Database
    • DynamoDB - Fast and Flexible NoSQL Managed Service -Part 1
  • Security, Identity, & Compliance
  • Learn From Home
    • AWS Essentials
  • Import
Powered by GitBook
On this page

Was this helpful?

  1. Fundamental

AWS Global Infrastructure

Global Infrastructure

PreviousFAQNextA brief History of AWS

Last updated 5 years ago

Was this helpful?

ဒီနေ့မှာတော့ Cloud Service Provider တွေထဲကမှတစ်ခုဖြစ်တဲ့ Amazon Web Service က သူတို့ရဲ့ Global Infrastructure တွေကိုဘယ်လိုမျိုးတွေတည်ဆောက်ထားတယ်ဆိုတဲ့အကြောင်းကို ပြောပြပါရစေ။ အရင်ဦးဆုံးအနေနဲ့ Global Infrastructure ဆိုတဲ့အတိုင်း AWS ရဲ့ Infrastructure တွေကို ကမ္ဘာ့ geographic location တော်တော်များများမှာတည်ဆောက်ထားတာဖြစ်ပါတယ်။

1. Regions and Availability Zones

1.1.Regions

Geographic location ( Region ) တွေအနေနဲ့ အခု (၂၀) ရှိပြီးတော့ Availability Zone(AZs) အနေနဲ့ (၅၈) ခုရှိပါတယ်။ Region တစ်ခုခြင်းဆီမှာ ၂ ခုထက်ပိုတဲ့ Availability Zone တွေရှိကြပါတယ်။ Region တစ်ခုခြင်းဆီမှာ အနည်းဆုံး Data Center ၂ ခုရှိတဲ့သဘောပါ။ တစ်ချိုတစ်ချို့သော Region တွေကိုတော့ public access ပေးမလုပ်ထားပါဘူး။ Region တစ်ခုခြင်းဆီအနေနဲ့လည်း Isolate ဖြစ်ပါတယ်။ နောက်ပြီးတော့ Region တစ်ခုခြင်းဆီမှာအသုံးပြုနိုင်မဲ့ Services တွေအနေနဲ့လည်းမတူညီကြပါဘူး။ ဥပမာဆိုရင် AWS Global Infrastructure မှာအကြီးဆုံး Region ဖြစ်တဲ့ US-East ( N. Virginia ) မှာရနိုင်တဲ့ Core Services တွေကို တစ်ချို့တစ်ချို့သော Regions တွေမှာဆိုရင်မရရှိနိုင်သေးပါဘူး။ ဒီအချက်ကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Cloud Infrastructure ကို စိတ်ကြိုက် architect ပြုလုပ်ရာမှာ အဓိကထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့တစ်ချက်ဖြစ်ပါတယ်။

1.2 Availability Zones (AZs)

Availability Zone ဆိုတာကတော့ ရိုးရိုးရှင်းရှင်းနဲ့အလွယ်ပြောရရင် Region တစ်ခုဆီမှာ ရှိတဲ့ Physically Separated Data Centers တွေပါပဲ။ အပေါ်မှာပြောခဲ့သလိုပဲ Region တစ်ခုမှာ Availability Zone လို့ခေါ်တဲ့ Data Centers တွေရှိကြပါတယ်။ သို့ပေမယ့် Availability Zone တစ်ခုကို Physical Data Center တစ်ခုဆိုပြီးလည်းသတ်မှတ်လို့မရပါဘူး။ ဆိုလိုခြင်တာကတော့ Availability Zone တစ်ခုမှာ Physical Data Center တစ်ခုကနေ အများဆုံး ၅ခုထိရှိတတ်ပါတယ်။ Standard အနေနဲ့ကတော့ Region တစ်ခုမှာ AZs ၃ ခုစီထားရှိမယ်ဆိုပေမယ့် တစ်ချို့သော Region တွေမှာ AZs ၂ ခုပဲရှိမျိုးလည်းရှိပါတယ်။ Regions မှာရှိတဲ့ AZs တွေအချင်းချင်းကို Low-Latency, High Throughput and Highly Redundant Networking, Highly Available, Fault Tolerant, Scalable infrastructure design တွေနဲ့ Well-Architect ပြုလုပ်ပြီး စနစ်တကျ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ Region တစ်ခုမှာ Availability Zone တွေအများအပြားရှိခြင်းကြောင့် Disaster Recovery ( DR )အတွက်လည်းအနည်းနဲ့အများ ကာကွယ်ပြီးသားဖြစ်ပါတယ်။

1.3 Edge Locations

Edge Locations ဆိုတာကတော့ AWS က Sevice တစ်ချို့ ( CloudFront, Lambda@Edge ) တို့ကို User တွေအနေနဲ့အသုံးပြုရာမှာပိုမိုမြန်ဆန်ဆောင်ပြုလုပ်ပေးတဲ့ Global Content Delivery Network (CDN) EndPoints တွေပဲဖြစ်ပါတယ်။ အများသိကြတဲ့ အတိုင်းပဲ User တွေအနေနဲ့ ပုံမှန်အတိုင်း Content Delivery Network ( CDN ) မသုံးပဲ United State မှာရှိတဲ့ မိမိတို့ Server ကို တိုက်ရိုက် access လုပ်မယ်ဆိုရင် Latency အရ စက္ကန့်အနည်းနဲ့အများ ပိုကြာနိုင်ပြီးအဝိုင်းလေးလည်နေမှာပါ။ Edge Locations တွေက User အနေနဲ့ Access လုပ်လိုက်တဲ့ Content Data တွေကို Low-latency နဲ့ access ရအောင်လုပ်ပေးမှာပဲဖြစ်ပါတယ်။

Edge Location တွေအနေနဲ့လည်း Geographic Region တစ်ခုမှာ အနည်းဆုံး ၂ ခုဆီရှိတတ်ကြပါတယ်။ Global အတိုင်းအတာအနေနဲ့ Point of Presence (PoPs) ၁၅၀ ( 139 Edge Locations and 11 Regional Edge Caches ) ရှိပါတယ်။ ဒီလောက်ဆိုရင်တော့ AWS ရဲ့ Global Infrastructure ကဘယ်လို ဒီဇိုင်းကာလာအနေအထားရှိတယ်ဆိုတာ အားလုံးပဲနားလည်သဘောပေါက်လိမ့်မယ်လို့ယူဆမိပါတယ်ခင်ဗျာ။ နောက်ထပ်နောက်ထပ်သော စိတ်ဝင်စားစရာ အကြောင်းအရာကောင်းတွေကို ရေးသားသွားဦးမှာမို့ ဆက်လက်အားပေးကြပါဦးခင်ဗျာ။ Stay Tuned !!! Have a nice day

ကြိုးစားပါဦးမည်၊ အားလုံးကိုကျေးဇူးတင်လျက်

AWS User Group Myanmar ( AWSUGMM )
Regions
AWS Regional Expansion
Expansion 2016-2018
Availability Zones
Region and Availability Zone Explained
How Content Delivery Network ( CDN ) works
Edge Locations explained
Point of Presence ( PoPs )